ကျော်​​ကျော်​ ရခိုင်းလူမျိုးတိအတွက်​နည်းပညာဘ​လော့မှကြိုဆိုပါ​ရေ

Thursday, October 15, 2015

Viva video pro


 မင်္ဂလာပါ ဒီတစ်​ခါ​တော့ viva video pro update ပါ

Snap youtube downloand

Facebook မှ ​သီချင်းများသူများ​တွေလို​ဒေါင်းမတက်​လို့​ပြော​နေကြတဲ့သူငယ်​များအတွက်

Wednesday, October 14, 2015

Frmware လိုက်ရှာနေတာလား ဒီ Web လေးကိုအသေမှတ်ထားပါ

Frmware လိုက်ရှာနေတာလား ဒီ Web လေးကိုအသေမှတ်ထားပါ


မင်္ဂလာပါ
Firmware နဲ့နေ့စဉ်နေ့အမျှမျက်လုံးနောက်ရောက်အောင်
လိုက်ရှာနေရတဲ့ကျနော့်အတွက်ဒီနေ့တော့ ဒီ Web လေးမှာတင်
အစ-အဆုံးတစ်ထိုင်တည်းနဲ့အဆုံးသတ်နိုင်ခဲ့တယ်

ဖုန်းကလစ်သူ Service သမားညီအကိုတွေလည်း
ဘယ်သွားရမယ်မှန်းမသိအရေးကြီးရင်တစ်နေရာတည်း
ဒေါင်းလော့ရယူနိုင်အောင်ဒီပိုစ့်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်

ပုံမှမြင်တဲ့အတိုင်းပဲ Phone Brands အစုံမဟုတ်ပေမယ့်
စုံသလောက်ပါပဲ၊ဒေါင်းလော့လင့်တွေလည်းအရမ်းအဆင်ပြေပါတယ်
လိုင်းကောင်းတုန်းလိုချင်တာလေးတွေကိုစိတ်ကြိုက်မွေလိုက်ပါဗျာ
ဒေါင်းလော့နည်းတော့မပြောတော့ဘူးနော် လွယ်လွမ်းလို့ပါ


Firmware လိုက်ရှာနေတာလား ဒီ Web လေးကိုအသေမှတ်ထားပါ


အားလုံးကိုကျေးဇူးတင်ပါတယ်

ဇူးနစ်(နည်းပညာ)



Myanmar English Speaking

2015

Myanmar English Speaking apk



Myanmar English Speaking apps ဟာမြန်မာများအတွက် အင်္ဂလိပ်စာလေ့လာစေရန် ထုတ်ထားတဲ့ apps တစ်ခုဖြစ်ပါတယ်...ဒီ apps မှာတော့ စကားလုံး, သဒ္ဒါ, ၀ိဘတ်, Idioms အစရှိတာတွေကိုအကုန်လေ့လာလို့ရပါတယ်.....အင်္ဂလိပ်စာလေ့လာနေသူတွေအတွက်အရမ်းကေါင်းတဲ့ application တစ်ခုပဲ...





ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

နေ့စဉ်သုံးအင်္ဂလိပ်စကားပြော apk


နေ့စဉ်သုံးအင်္ဂလိပ်စကားပြော apk




ဒီ app ကတော့ မြန်မာဘာသာဖြင့် အင်္ဂလိပ်စကားသင်ယူနိုင်တံ့ app တစ်ခုဖြစ်ပါတယ်..မြန်မာနိုင်ငံက Developer တွေထုတ်ထားတာပါ....အသုံးပြုသူများလွယ်ကူပြီး အချိန်ကုန်သက်သာစေရန်..သင်္ခန်းစာများကို အခန်းလိုက်ခွဲထားတာတွေ့ရပြီး စကားပြောခန်းများစွာကိုလည်း ထည့်ပေးထားတာတွေ့ရပါတယ်..အရမ်းကေါင်းတဲ့ app တစ်ခုပါ..







ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

Tuesday, October 13, 2015

Facebook တွင်​မပြုလုပ်​သင့်​​သောအချက်​ ၁၀ချက်

FCEBOOK တွင် မပြုလုပ်သင့်သော အချက် (၁၀) ချက်"


Facebook သုံးစွဲသူများအနေနဲ့ လူမှုရေးမီဒီယာမှာတင်တဲ့ post တွေနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ Facebook post တစ်ခုကြောင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရခြင်းမှ အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက လှုမှုရေးမီဒီယာ သုံးစွဲသူတွေ အနေနဲ့ privacy setting အနည်းငယ်သာ အသုံးပြုနေကြတာကို သတိပေးထားပါတယ်။ ဒါကြောင့် လှုမှုရေးမီဒီယာ သုံးစွဲသူတွေ သတိပြုနိုင်ဖို့ Facebook မှာလုံးဝ မတင်သင့်တဲ့ အချက် ၁၀ ချက်ကို အောက်မှာ ဖော်ပြသွားပါမယ်။ ဒီအချက်တွေက Facebook သုံးစွဲသူနဲ့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာပါ။

(၁၀) အိမ်အပြင်ထွက်မည့် အကြောင်း

Facebook သုံးစွဲသူတွေဟာ အားလပ်ရက် ခရီးထွက်ခြင်း ဒါမှမဟုတ် ညဘက် အပြင်ထွက်ခြင်းစတဲ့ အိမ်ကနေ အပြင်ထွက်မယ့်အချိန်ကို လူတွေသိစေမယ့် post မျိုး မတင်သင့်ကြောင်း Huffington Post က ဖော်ပြခဲ့ဖူးပါတယ်။ Facebook က သင်ဘယ်မှာ ရှိနေတယ်ဆိုတာ လူတွေကိုအသိပေးဖို့ Facebook Places feature ထောက်ပံ့မှု ပေးထားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လူတွေကို သင်ဘယ်မှာဆိုတာ အသိပေးဖို့ သတိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ friend list ထဲမှာ မယုံကြည်ရတဲ့ လူတွေ ပါဝင်လာနိုင်ပါတယ်။ ဥပမာဆိုရရင် သင်က Facebook ပေါ်မှာ ချစ်သူနဲ့ ဒီည ရုပ်ရှင်သွားကြည့်မယ်ဆိုတာ တင်လိုက်တဲ့အခါ သင်အိမ်မှာ နာရီအနည်းငယ်ခန့် မရှိတဲ့အကြောင်းကို သူခိုးတွေက သိသွားမှာပါ။ အဲဒီအချိန်အတိုင်းအတာက သင့်အိမ်ကို ကောင်းကောင်း ဖောက်ထွင်းနိုင်ပါတယ်။

(၉) ဖုန်းနံပါတ်

Facebook profile ဒါမှမဟုတ် သုံးစွဲသူရဲ့ ဖုန်းနံပါတ်တင်ထားဟာ လုံခြုံမှုမရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိတ်ဆွေများရဲ့ ဖုန်းနံပါတ်ကို Facebook group များမှာ ရှာဖွေနိုင်တဲ့ developer တွမ်စကော့ရဲ့ “Evil” app နဲ့ ပတ်သက်တဲ့ ဆောင်းပါးကို Huffington Post က ဖော်ပြဖူးပါတယ်။ အဲဒီ app နဲ့ ရှာဖွေရာမှ ရလာတဲ့ ဖုန်းနံပါတ်တွေကို လူအများ မြင်တွေ့နိုင်တဲ့ နေရာမှာ ဖော်ပြပေးပါတယ်။ “Evil” ဟာ သင့်ရဲ့ဖုန်းနံပါတ်ကို ရယူနိုင်တဲ့ app တစ်မျိုးပါ။ ဒါ့အပြင် ဈေးကွက်ရှာဖွေရေးကို ခုတုံးလုပ်ခြင်း ဒါမှမဟုတ် အများပြည်သူ ဖုန်းလမ်းညွှန်များ အသုံးပြုပြီး ဖုန်းနံပါတ်များကို ရယူလေ့ရှိကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ “ကျွန်တော့် ဖုန်းပျောက်သွားပါတယ်။ ဖုန်းနံပါတ်တွေ ပြန်ပို့ပေးကြပါ” ဆိုပြီး ရေးထားတဲ့ post တွေ မတင်သင့်ပါဘူး။

(၈) ဖွင့်ဟဝန်ခံချက်

Facebook မှာ တစ်ကိုယ်ရေ အချက်အလက်တွေကို မဖော်ပြတာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်အလက်တွေကို တရားတဘောင် ရင်ဆိုင်ရာမှာ သက်သေအဖြစ် အသုံးပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ သူဌေးကို ဘယ်လောက်မုန်းတီးတဲ့ အကြောင်း ဒါမှမဟုတ် အဆင်ခြင်မဲ့တဲ့ လုပ်ရပ် ဒါမှမဟုတ် ဥပဒေပြင်ပ လုပ်ရပ်တွေ လုပ်နေတဲ့ ပုံတွေတင်မယ်ဆိုရင် အသေအချာ ပြန်စဉ်းစားသင့်ပါတယ်။

(၇) ပတ်သက်ဆက်နွယ်မှု

သင့်ရဲ့ Facebook profile မှာတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများနဲ့ ပတ်သက် ဆက်နွယ်မှုတွေကို ဖော်ပြဖို့ မသင့်တော်ဘူးလို့ လုံခြုံရေးကျွမ်းကျင်ပညာရှင် အန်ဒီအိုဒေါ်နယ်က ပြောပါတယ်။ တစ်ကိုယ်ရေ တစ်ကာယသမား တစ်ယောက်ဖြစ်သူက သူတစ်ပါးကို လိုက်လံနှောက်ယှက်တတ်သူတွေကို နားလည်မှုလွဲမှားပြီး စကားစတင်ပြောလာအောင် အခွင့်အရေးပေးရာ ကျပါတယ်။ ဒါ့အပြင် သင်ဟာ တစ်ကိုယ်ရေသမား ဖြစ်တဲ့အတွက် အိမ်မှာတစ်ယောက်ထဲရှိတာကို လူတွေကို သိစေပါတယ်။ သင့်အနေနဲ့ လုံခြုံမှုကို အလေးထားတယ်ဆိုရင် relationship status ကို မဖြည့်တာ အကောင်းဆုံးပါ။

(၆) မွေးဖွားသည့် နေ့နှင့်နေရာ

Facebook သုံးစွဲသူတွေဟာ ၎င်းတို့ မွေးတဲ့နေ့နဲ့ နေရာကို မတင်သင့်ဘူးလို့ CBS News ကဖော်ပြခဲ့ပါတယ်။ သင့်ရဲ့မွေးနေ့ကို ကြည့်ပြီး လူမှုလုံခြုံရေး ကိန်းဂဏန်းကို အပြည့်အဝမဟုတ်တောင်မှ အများစုကို ကိုယ်ရေးအချက်အလက် ခိုးယူသူတွေက တိတိကျကျ ခန့်မှန်းမိပါတယ်။

(၅) လက်ရှိတည်နေရာ

လူအများစုဟာ အမြဲတစေ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေကို သူငယ်ချင်းတွေ သိရှိစေဖို့အတွက် Facebook မှာ ဖော်ပြလေ့ရှိတယ်။ ဒါဟာ Facebook မှာပါဝင်တဲ့ ပျော်စရာ feature တစ်ခုပါ။ ဒါပေမယ့် သင်အပြင် ရောက်နေတာကို အိမ်ဖောက်ထွင်းမယ့် သူတွေသိသွားနိုင်ပါတယ်။

(၄) မသင့်တော်သည့် ဓာတ်ပုံများ

ကုမ္ပဏီဝန်ထမ်းအများစုက သူတို့နဲ့ ရာထူးတစ်ခုအတွက် ယှဉ်ပြိုင်မယ့်သူတွေရဲ့ Facebook profile များကို ကြည့်ရှုတတ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ Facebook ပေါ်မှာ ပြစ်မှုမကင်းတဲ့ ဓာတ်ပုံတွေကို မတင်သင့်ပါဘူး။

(၃) Password

လူတွေဟာ Facebook ပေါ်မှာ password တွေဝေမျှတတ်ကြလေ့ရှိတာကို မယုံနိုင်အောင် တွေ့ရပါတယ်။ Facebook မှာ မဝေမျှဖို့ နံပါတ်တစ်အဖြစ် စာရင်းသွင်းထားတာက password တွေဝေမျှတဲ့ ကိစ္စပါ။ သင်အယုံကြည်ရဆုံးသူ တစ်ယောက်နဲ့ password ဝေမျှတာလည်း အန္တရာယ်များပါတယ်။ Password ကြောင့် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ဥပမာဆိုရရင် သင့်ရဲ့ Facebook password ကို ချစ်သူကို ပေးထားတယ်။ သင်တို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ သင်မနှစ်သက်သူ တစ်ယောက်က သင့်ရဲ့ အချက်အလက်နဲ့ account ကို အသုံးပြုနိုင်တဲ့ အခြေအနေရောက် နေတာကို မြင်တွေ့လာမှာပါ။

(၂) အိမ်လိပ်စာ

လူပေါင်း ၄၀ ရာခိုင်နှုန်းက လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်မှာ အိမ်လိပ်စာတွေ ဖော်ပြထားလေ့ရှိတယ်လို့ CBS သတင်းဌာနက တင်ပြခဲ့ဖူးပါတယ်။ အဲဒီ ၄၀ ရာခိုင်နှုန်းထဲက ၆၅ ရာခိုင်နှုန်းဟာ privacy setting များနဲ့ သူတို့ရဲ့ သတင်းအချက်အလက်တွေကို သူစိမ်းတွေ လာရောက်ကြည့်ရှုတာ ခွင့်ပြုထားပါတယ်။ ရာခိုင်နှုန်း ၆၀ ရှိတဲ့ လူများက သူတို့ friend list ထဲကလူတော်တော်များများကို မယုံကြည်ရတဲ့သူတွေဖြစ်ပြီး သူတို့နဲ့ သိရုံသာသိတဲ့ သူတွေလို့ ဖြေကြားခဲ့ပါတယ်။ ပိုနီမွန်တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းအရ လူမှုရေးမီဒီယာ သုံးစွဲသူတွေဟာ မသုံးစွဲသူတွေထက် ကိုယ်ရေးအချက်အလက် ခိုးယူခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၁) ကလေးပုံများ tag ပြုလုပ်ခြင်း

မိဘအများစုက သူတို့ကလေးတွေအတွက် ဂုဏ်ယူကြပါတယ်။ ကလေးရဲ့ပုံကို မိတ်ဆွေတွေကို ပြတာ သဘာဝကျပါတယ်။ ဒါပေမယ့်လည်း တစ်ခုသတိပြုသင့်တာက လူမှုရေးမီဒီယာပေါ်မှာ လူပေါင်းများစွာ ရှိပါတယ်။ သင့်ရဲ့ကလေးကို ကာကွယ်လိုရင် profile ကို တင်းကျပ်မထားဘူးဆိုရင် ကလေးရဲ့ပုံကို တင်ခြင်း ဒါမှမဟုတ် tag မပြုလုပ်တာ အကောင်းဆုံးပါဆိုပြီး How Stuff Works က အကြံပေးထားပါတယ်။ အွန်လိုင်းမုဆိုးတွေက အင်တာနက်အသုံးပြုပြီး ကလေးကိုရှာဖွေ နှောင့်ယှက်လေ့ရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ Facebook ပေါ်မှာ ကလေးရဲ့ဓာတ်ပုံကို ဝေမျှရင် သတိထားသင့်ပါတယ်။ အလုံခြုံဆုံးနည်းလမ်းကတော့ သင်အနေနဲ့ မိသားစုဓာတ်ပုံတွေ ဝေမျှချင်ရင် profile ကို ကန့်သတ်မှု ပြုလုပ်ထားသင့်ပါတယ်။

Ref: TheRichest

http://internetjournal.media/article/4333

Android virus ပြသနာ​ဖြေရှင်းနည်း

✔Android ကို မျောက်ကိုက်ခြင်း✔ (error​ဖြေရှင်းပုံ)


မင်္ဂလာပါဗျာ...
ဒီတစ်ခါ Android User တော်တော်များများမှာ Internet အလိုပွင့်နေတာတွေ၊ Software တွေကို Auto Install လုပ်နေတာတွေ
ပြီးတော့ ဖုန်းကသုံးလို့မရဘဲ စက်ကလေးနေ ဟန်းနေတာတွေကို ကြုံတွေ့နေကြရပါတယ်။ ဒါဟာဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့
Monkey task/ Time service ဆိုတဲ့ Virus တစ်မျိုးကဖုန်းထဲကိုဝင်ရောက်နေလို့ပါ။ ဒီ virus က ဖုန်းထဲကိုဘယ်လိုဝင်ရောက်လာတာလဲ
ဆိုရင် Facebook မှာ တွေ့ရတတ်တဲ့ Suggest Application တွေကို Download ဆွဲမိလို့ဖြစ်စေ၊ Original Launcher ကို မသုံးပဲ အခြား 
Third Party Launcher တွေကို သုံးရာက ကြော်ငြာပါလာတဲ့ Application တွေကို Download ဆွဲမိရာကဖြစ်စေ ဖုန်းထဲကို ဒီ Virus က
ရောက်လာတတ်ပါတယ်။ Sexy Link တွေမှာ Download ဆွဲရာမှလဲ ဒီ virus ၀င်ရောက်လာပြီဆိုရင်တော့ ဖုန်းမှာ Internetတွေ 
wifi တွေauto ပွင့်လာမယ်။ ကိုယ်ကပြန်ပိတ်လဲ သူ့အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။ Internet တွေ wifi တွေပွင့်လာပြီဆိုရင်တော့ Software တွေကို
auto download လုပ်ပါတော့တယ်။ ပြီးရင် ဖုန်းထဲကို auto Install လုပ်ပါတော့တယ်။ ပြန်ပြီး Uninstall လုပ်လို့လဲမရပါဘူး။ ဖုန်း Screen မှာလဲ
Short cut တွေကလဲ သူ့အလိုလိုပေါ် လာပြီး Phone Screen မှာ နေရာယူပါတော့တယ်။ ကြော်ငြာပေါင်းစုံလဲဝင်လာပါလိမ့်မယ်။ အဲ့လိုဖြစ်လာပြီဆိုရင်
ဖုန်းကလေးလာမယ်။ ဟန်းလာမယ်။ စက်ကဘာမှမသုံးရသေးဘူး ပူလာပါမယ်။ တဖြည်းဖြည်းနဲ့ Android System ဆိုပြီး ပေါ်လိုက်
ပျောက်လိုက်ဖြစ်လာပါမယ်။ နောက်ဆုံးတော့ ဖုန်းက Firmware ကျသွားတဲ့အထိဖြစ်တတ်ပါတယ်။ 
အဲ့ဒီ Virus ကိုက်ခံရပြီဆိုရင် ဖြေရှင်းတဲ့နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ 
- ဒီ virus ကို ရှင်းထုတ်နိုင်ဖို့ Device က Root Access ရှိဖို့တော့လိုအပ်ပါတယ်။ ပြီးရင်တော့ လိုအပ်တဲ့ Software လေးကို အရင်ဆုံး
download ရယူလိုက်ပါ။ ဒီ Software လေးကတော့ ကိုဖြိုးညီညီ ဖန်တီးထားတာပါ။ တကယ်လဲ အသုံးဝင်တဲ့ Software လေးမို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ဖန်တီးသူ ကိုဖြိုးညီညီ https://m.facebook.com/kyawkyarnyu ကိုလည်းcredit​ပေးပါတယ်​။

DOWNLOAD

(OR)
DOWNLOAD

အသုံးပြုပုံကတော့ Zip File လေးကိုဖြည်လိုက်ပါ။ ဖုန်းကို Normal Mode နဲ့ ကြိုးထိုးပါ။
- Folder ထဲက Android Virus Removal Tool.exe ကို Run လိုက်ပါ။ Clean Device ကို နှိပ်ပေးလိုက်ပါ။
- ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
- Reboot ကျပြီး ပြန်တက်လာရင်တော့ ဒုက္ခပေးနေတဲ့ Monkey task/ Time service error ရှင်းသွားပါလိမ့်မယ်။

Ref,

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
အမှတ် ၁၅/၁၇၊ Bang Bang တိုက် (၅)လွှာ (A) ၊
အင်းစိန်လမ်းမ၊ လှည်းတန်းမှတ်တိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
09421734888,421734999
ဓါတ်လှေကားတွင် (5) ကိုနှိပ်ပါ။

Sunday, October 11, 2015

Cool My Droid

Cool My Droid

အလုပ်​ပိတ်​ရက်​မှာတစ်​​နေကုန်​ ဘယ်​မှမသွားပဲဖုန်းနှိပ်​ဂိမ်း​ဆော့​နေတဲ့သူငယ်​ချင်းများ

Arakan notional party software

သာလီသာစွပါ....
ANP ကိုအားဖို့အတွက်​ Vote လုပ်​ဖို့​ဆော့ဝဲ​ချေတစ်​​ခုကျ​​နော်​ထွင်
ထားပါ​ရေ ....
အောက်မှာပါရေ အကောင့်တစ်ခုခုနဲ့ ၀င်ပနာ စကားပြောလို့ရပါရေ ၀င်ပြောဖို့ အမျိုးတိကို ဖိတ်ခေါ်ပါရေ.....
အမျိုးရို့ စကားပြောဖို့ အခန်းချေ ဆောက်ပီးထားပါရေ နည်းပညာတိ ကိုလည်း မျှဝီပီးဂတ်ပါ ... ​ကျော်​​ကျော်​(ရခိုင်မျိုးတိအတွက်​နည်းပညာ) တက်​သိသမျှပြန်​ပြီး​ကေ မျှဝီပါမယ်​>>> ----------------------------------------------------------------------------------------------------------------___________________________

Followers